မြန်မာနိုင်ငံ
အနှံ့အပြားတွင် လူမျိုးတိုင်းလိုလို အမျိုးသားနေ့များကို ယခုအခါ
ဂုဏ်ယူဝင့်ကြွားစွာ ကျင်းပ လာကြ သည်။ ကျွန်ုပ်တို့
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနြေ ဖင့် ၁၉၈၉
ခုနှစ်ကပင် ရခိုင်အမျိုးသားနေ့ ကို ကျင်းပရန် ကြိုးစားခဲ့ဖူးပါသည်။
သို့သော် စစ်အာဏာရှင်များက နိုင်ငံရေးလွတ်လပ်ခွင့် မပြုသည့်အပြင်
တိုင်းရင်းသားလူမျိုးများ၏ မည်သည့်အခွင့်အရေးကိုမျှ လုံးဝခွင့်မပြုခဲ့ပေ။
ယင်းအချိန်အခါက ဆရာကြီး ဦးဦးသာထွန်း (ရခိုင်၊ မြန်မာ ပဏ္ဍိတ်) နှင့်တကွ
ရခိုင်အမျိုးသားကောင်းဆောင်ကြီး များက မည်သည့်နေ့ကို ရခိုင်အမျိုးသားနေ့အဖြစ် အသုံးပြုသင့်သည်ကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုများ
ပြုလုပ်ကြပြီး နှစ် စဉ် တော်သလင်းလပြည့်ကျော် (၁) ရက်နေ့ကို
ရခိုင်အမျိုးသားနေ့အဖြစ် ကျင်းပရန်နှင့် ရခိုင်အမျိုးသားနေ့ သင်္ကေတအဖြစ်
ဗျာလ်လရုပ်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြပါသည်။မြောက်ဦးမြို့သည် ရခိုင်တစ်မျိုးသား လုံး၏ ဘူမိနက်သန် နန်းစိုက်ရာ
နေရာဖြစ်သည်။ ထိုနေရာကို ရခိုင်ဘုရင် မင်းစောမွန်က ရွေးချယ်ခဲ့သည်။
ရခိုင်လောင်းကြက်မြို့မှ မြောက်ဦးမြို့တည်နေရာသို့ နန်းမြို့တော်ကို
ပြောင်းရွှေ့စဉ် မိန်လဂ်၊ မိန်စန်းနှင့် တည်ပါက သူ၏ အသက်ရှည်ပြီး၊
တိုင်းပြည် အသက်တိုမည်။ ကန်လဂ်၊ ကန်စန်းနှင့် တည်ပါက သူ၏ အသက်တိုပြီး
တိုင်းပြည်အသက်ရှည်မည်ဟု ပုရောဟိတ်များက ဆိုလာသောခါ မိမိအသက်တိုပြီး
တိုင်းပြည် အသက်ရှည်ရန်ကိုသာ ရည်ရွယ်ပြီး ဆုံးဖြတ်ခဲ့သည်။ မင်းစောမွန်သည်
ရခိုင်လူမျိုးတည် တံ့ခိုင်မြဲရေး
ရခိုင်နိုင်ငံတော် ကမ္ဘာ တည်သရွေ့ တည်တန့်စေရေးကို သံဓိဌာန်ချမှတ်ပြီး
မိမိ၏ဘ၀နှင့်အသက်ကို အရင်းတည်ကာ ကြိုးပမ်းခဲ့ပါသည်။ ထိုနေ့သည်
မြောက်ဦးနန်းမြို့တော်၏ ပန္နက်ချသည့်နေ့ သက္ကရာဇ် ၇၉၂ ခု (၁၄၃၀ ခုနှစ်)
တော်သလင်းလပြည့်ကျော် (၁) ရက်နေ့ ဖြစ်ပါသည်။ရခိုင်လူမျိုးတို့သည်
ဗျာလ်လရုပ်ကို လာဘ်ကောင်အဖြစ် အသုံးပြုခဲ့ကြသည်။
ဘုရားပုထိုးစေတီကျောင်းကန်များတွင်
ဗျာလ်လရုပ်ကို ငြိမ်း ချမ်းေ ရး သင်္ကေတအဖြစ်ထားကာ ဘုရားရိပ် တရားရိပ်တွင်
ပျော်ပါးမြူးထူးသည့် ဟန်ရှိနေသည်။ သို့သော် ရခိုင် အမျိုးသားလုံးအတွက်
လိုအပ်လာပါက တိုက်ခိုက်ရေး ဗျာလ်လအဖြစ် ရှေးရခိုင်လူမျိုးတို့က
သုံးခဲ့သည် ဟု ဆရာကြီး ဦးဦးသာထွန်း (ရခိုင်၊ မြန်မာ ပဏ္ဍိတ်) က
ကျွန်ုပ်တို့
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အား လမ်းညွှန်ခဲ့
ပါသည်။ထို့ကြောင့်ရခိုင်လူမျိုးတို့၏ပင်ကိုယ်အရောင်ဖြစ်သည့်အနီနှင့်အဖြူ
ရောင်ပေါ်တွင်ဗျာလရုပ် ရေးထိုး ကာ ရခိုင်အမျိုးသားနေ့ သင်္ကေတအဖြစ်
အသုံးပြုရန်
ဆုံးဖြတ်ပါသည်။
´´စောမွန်ပြင်ပြု၊ မင်းဘာတည်ကေ ရွှီမြောက်ဦး´´ ဟု စာဆိုနှင့်အညီ ရခိုင်ဘုရင်မင်းဘာကြီးလက်ထက်တွင်
သျှင်မြ၀ါသည် ရခိုင်လူမျိုးနှင့် ရခိုင်နိုင်ငံတော် ကမ္ဘာတည်သရွေ့
တည်တံ့စေရန် အသက်ကို စတေးခဲ့သည် မဟုတ်တုံလော။ မြောက်ဦးမြို့ကာ ယနေ့ထိ
ရှင်သန်နေဆဲ၊ ရခိုင်လူမျိုးလည်း တည်တံ့နေဆဲ။
ငါတို့ပြည်ကို ငါတို့အသက်ဆက်ကြပါစို့။
အို......ရခိုင်သူ၊ ရခိုင်သားအပေါင်းတို့ ............................................................
´´စောမွန်ပြင်ပြု၊ မင်းဘာတည်ကေ ရွှီမြောက်ဦး´´ ဟု စာဆိုနှင့်အညီ ရခိုင်ဘုရင်မင်းဘာကြီးလက်ထက်တွင
ငါတို့ပြည်ကို ငါတို့အသက်ဆက်ကြပါစို့။
အို......ရခိုင်သူ၊ ရခိုင်သားအပေါင်းတို့ ............................................................
ကျွန်ုပ်တို့အားလုံး မင်းစောမွန်နှင့် ရခိုင်အာဇာနည် သျှင်မြ၀ါတို့......................
ကိုယ်ကျိုးစွန့်မှု၊ အနစ်နာခံမှုတို့ကို အလေးအမြတ်ထားကြလော......................
ရခိုင်ပြည်နှင့် ရခိုင်လူမျိုးတည်တံ့ရေးကို အားပြုကြလော.................................
အဖရခိုင်ပြည်အကျိုးအတွက်
သင်တို့၏ စိတ်နှင့်ကိုယ်ကို သဲတစ်မှုန်၊ မြူတစ်မှုန်အဖြစ် အားစိုက်ကြလော......
လုံ့လပြုကြလော၊ ညီညွတ်ကြလော................................................................
ယခုလာမည့်၂၀၁၃ခုနှစ်၊ တော်သလင်းလပြည့်တော်(၁)ရက်နေ့ကို၅၈၃ နှစ်မြောက်ရခိုင်အမျိုးသားနေ့အဖြစ်
တစ်မျိုးသားလုံး အလေးအနက်ထားကြလောဟု တိုက်တွန်းလိုက်ပါသည်ဟု သိရှိရပါသည်။
ဦးဦးကျော်သိန်း

မြောက်ဦးမြို့နယ်အတွင်းရေးမှူး
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်။ အာရကန်လှိုင်းသံအမှတ် (၆) ပါ ဆောင်းပါးကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
မိတ်ဆွေဖတ်ပြီး တခြားရခိုင်သူ၊ ရခိုင်သားများထံသို့ ဖြန့်ဝေပီးပါ။ ရခိုင်လူမျိုးများထံမှလည်း အကြံဥာဏ်များ၊ ဝေဖန်လွှာများကို လည်း ဖိတ်ခေါ် ကြိုဆိုပါကြောင်းကိုပါ တောင်းဆိုထားပါသည်။
မိတ်ဆွေဖတ်ပြီး တခြားရခိုင်သူ၊ ရခိုင်သားများထံသို့ ဖြန့်ဝေပီးပါ။ ရခိုင်လူမျိုးများထံမှလည်း အကြံဥာဏ်များ၊ ဝေဖန်လွှာများကို လည်း ဖိတ်ခေါ် ကြိုဆိုပါကြောင်းကိုပါ တောင်းဆိုထားပါသည်။

0 comments:
Post a Comment