သန်းလွင် ဘာသာပြန်သည်။ | Wednesday, 27 March 2013
၂၀၁၂ခုနှစ်၊အောက်တိုဘာလ၁၃ရက်နေ့ကဒဲလာဝဲယားပြည်နယ်ဒိုဗာတွင်ကျင်းပခဲ့သော ကေ့ခ်ျဖြူရီဖိုက်တင် ချန်ပီယံပြိုင်ပွဲ (CFFC) ပထမအချီမှာပင် ဂျက်ဆင်လောက်အား အလဲထိုး အနိုင်ရပြီးနောက် အောင်ပွဲခံနေသော အောင်လဆန်း။ ဓာတ်ပုံ - Supply၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့က ဒဲလာဝဲယားပြည်နယ် ဒိုဗာတွင် ကျင်းပခဲ့သော ကေ့ခ်ျဖြူရီဖိုက်တင် ချန်ပီယံပြိုင်ပွဲ (CFFC) ပထမအချီမှာပင် ဂျက်ဆင်လောက်အား အလဲထိုး အနိုင်ရပြီးနောက် အောင်ပွဲခံနေသော အောင်လဆန်း။
ကချင်ပြည်နယ်မှာ မကြာမီက ယမ်းငွေ့ ဝေကာ ကချင်လူထု ပူမှုတွေ ပွေခဲ့ရပါတယ်။ ဒါပေမဲ့ တည်ငြိမ်မှုမရှိသေးတဲ့ မြောက်ပိုင်းပြည်နယ်မှ ကိုယ်ခံပညာမျိုးစုံ လက်ဝှေ့သမားတစ်ဦးဟာ ကချင်လူမျိုးတွေ သူတို့ပြည်နယ်မှာ ဂုဏ်ယူဝင့်ကြွားဖို့နဲ့ သူတို့အတွက် သတင်းကောင်းတွေ သယ်ဆောင်
ဖို့ ကြိုးပမ်းနေပါတယ်။အောင်လဆန်းဟာ မြစ်ကြီးနားဇာတိ ဖြစ်တယ်။ သူဟာ အမေရိကန် ဘာလ်တီမိုးမြို့မှာ အခုအခါအခြေစိုက်နေတယ်။ဒါ့ပြင် သူဟာ အဆင့်မြင့်တဲ့ပြိုင်ပွဲ တစ်ရပ်ဖြစ်တဲ့ အမေရိကန် ကိုယ်ခံပညာမျိုးစုံ (MMA) ပြိုင်ပွဲမှာအောင်ပွဲနဲ့ ပျော်ရွှင်နေပါတယ်။အသက် ၂၇ နှစ်ရှိတဲ့ အောင်လဆန်းဟာ ဆုကြေးစားစံချိန် အနေနဲ့ ၁၃ ပွဲနိုင်၊ ရှစ်ပွဲရှုံး ရလဒ်ရနေပါ တယ်။သူဟာ ဝေါလ်တာဝိတ်တန်းမှာ ထိပ်တန်းအဆင့်ရရှိဖို့ ဖြည်းဖြည်းနဲ့ မှန်မှန် အလုပ်လုပ်နေပါတယ်။
ရန်ကုန် နိုင်ငံတကာကျောင်းမှာ တက်ခဲ့တဲ့ အောင်လဆန်းဟာ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလက၎င်း ရဲ့ ၀က်ဘ်ဆိုက်ပေါ်မှာ အောက်ပါသတင်းစကားနဲ့အတူ သူ့ဇာတိမြေမှ ဒုက္ခသည်တွေကို သူ့ဆုကြေးငွေမှ ၂၅ ရာခိုင်နှုန်း လှူမယ်လို့ သူ့နောက်ဆုံးပွဲမတိုင်မီ ကြေညာတဲ့အခါ မှာ သူ့မွေးရပ်မြေမြန်မာနိုင်ငံမှ ပရိသတ်အသစ်တွေရဲ့ချစ်ခင်လေးစားမှုကိုခံခဲ့ရတယ်။ကျွန်တော်ဟာကျွန်တော်တို့ ကချင်လူမျိုးတွေ အတွက်အောက်တိုဘာလ၁၃ရက်နေ့ နောက် ပြိုင်ပွဲတစ်ခုမှာ စူးနစ်ထားပါတယ်။ ပြဿနာကို အဖြေမရှာနိုင်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ဒါပေမဲ့ ဒါဟာ ငိုကြွေးသံတွေနဲ့ ခံစားနေရတဲ့ ကျွန်တော်တို့ ကချင်လူမျိုးတွအတွက် ကျွန်တော်ပြောပြနိုင်တဲ့ နည်းလမ်းပါပဲ" လို့ ၎င်းကပြောတယ်။
အောင်လဆန်းနဲ့ ဂျက်ဆန်လောက် တို့ရဲ့ ထိုးသတ်ပွဲဟာ ဒဲလာဝဲယားပြည်နယ် ဒိုဗာမှာ ပြုလုပ်ခဲ့တယ်။Cage Fury Fighting Championship (CFFC) ရဲ့ အဓိကပြိုင်ပွဲဖြစ်ခဲ့တယ်။ မြန်မာပြည်ဖွားလက်ဝှေ့သမားရဲ့ ပထမအချီလက်သီးချက်ကြောင့်၎င်းထက်ပိုမိုအတွေ့ကြုံရှိတဲ့ပြိုင်ဘက်ကို အလဲထိုးကာ ပြတ်ပြတ် သားသား အောင်ပွဲဆင်ခဲ့တယ်။ထို့နောက်၎င်းဟာကချင်အမျိုးသားအလံကို ကိုင်ဆောင်အောင်ပွဲခံသွားခဲ့တယ် ။ သူဟာ အမေရိကန်မှာ ၁၀ နှစ် ကျော် နေထိုင်ခဲ့ပေမယ့် သူထွက်ခွာတဲ့ နိုင်ငံဟာသူ့နှလုံးသားထဲမှာ အထူးနေရာ ပိုင်ဆိုင်ဆဲပါလို့ ပြောတယ်။"ကျွန်တော့်ပညာရေးကို ဆက်ဖို့ ကျွန်တော် ၂၀၀၃ မှာ အမိမြေက ထွက်ခွာခဲ့ပါတယ်။ ကျွန်တော်မပြန်သေးပါဘူး။ ဒါပေမဲ့ တစ်ချိန်မှာ ကျွန်တော်ရဲ့ ထိုးသတ်တဲ့ ဆုကြေးစားလုပ်ငန်း ပြီးဆုံးသွားရင်တော့ အမ်အမ်အေ (MMA) ကစားရုံ တစ်ခု ဖွင့်လှစ်ဖို့ မြစ်ကြီးနားကို ပြန်ဖို့ရည်မှန်းထားပါတယ်။ကျွန်တော့် လေ့ကျင့်စဉ်နဲ့ ပြိုင်ပွဲဝင်စဉ်မှာ မြန်မာ ပြည်သူတွေထံက အထူးခွန်အားတွေနဲ့ တွန်းအားပေးနေတာကြောင့် ကျွန်တော့်မှာ အားပေးထောက်ခံမှုတွေ ရနေတယ်ဆိုတာ သိပါတယ်"လို့ ၎င်းကပြော တယ်။အမ်အမ်အေဟာ ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံး တိုးတက်နေတဲ့ အားကစားပဲ ဖြစ်တယ်။ ဒါ့ပြင် လာ့စ်ဗေးဂတ်စ် မှာ အခြေစိုက်တဲ့ မူလတိုက်ခိုက်ရေး ချန်ပီယံရှစ် (UFC)ဟာ မန်ချက်စတာယူနိုက်တက်ထက် ပိုပြီး တန်ဖိုးရှိပါတယ်။၎င်း ရဲ့ အရှေ့တိုင်းမှာ တန်းတူဖြစ်တဲ့ ONE Fighting Championship ဟာ အရှေ့ တောင်အာရှက အကြီးကျယ်ဆုံးဒေသ အချို့မှာ ပြိုင်ပွဲတွေ မှန်မှန် ကျင်းပခဲ့တယ်။အမ်တီဗီက တိုက်ရိုက်လွှင့်ထုတ်တဲ့ ပြပွဲမှာ သူဟာ အတ္တလန္တာမြို့တော်မှာ ဂျီးဆပ်စ်မာတီနက်ကိုတစ်မိနစ်ခန့်မှာပဲ အလဲထိုး အနိုင်ယူခဲ့တယ်။သူ့ကို ဂျူဂျစ်ဆု သင်ကြားပေးတဲ့ လေ့ကျင့်ရေးမှူး တစ်ဦးရဲ့ တိုက်တွန်းမှုကြောင့် သူဟာ အမ်အမ်အေမှာ သူ့ရဲ့လက်ရည်ကို စမ်းသပ်ဖို့ ဆုံးဖြတ်ချက်ချပြီးနောက် တစ်နှစ်အကြာ ၂၀၀၆ ခုနှစ်မှာ သူ့ရဲ့ ဆုကြေးစားဘ၀ အောင်ပွဲ ၁၃ ခု အနက် ပထမဦးဆုံးရရှိခဲ့တယ်။သူဟာ အစကောင်းခဲ့တယ်၊ သူ့ရဲ့ ပထမဦးဆုံး ထိုးသတ်ပွဲ ငါးပွဲမှာ လေးပွဲနိုင်ခဲ့တယ်။ ၎င်းက သူ့ရဲ့ကိုယ်ခံပညာ ထိုးသတ်ပွဲ စိတ်ပါဝင်စားမှုဟာ ရန်ကုန်မှာ ကျောင်းသားဘ၀ နေ့ရက်တွေပဲ ဖြစ်တယ်လို့ ပြောတယ်။
"ကျွန်တော် မြစ်ကြီးနား ဇာတိပါ။ ကျွန်တော့်အသက် ခုနစ်နှစ်အရွယ်မှာ အလုံမြို့နယ်ကို ပြောင်းခဲ့တယ်။ ကျွန်တော် ရှစ်နှစ်ခန့်မှာ ကရာတေး စကစားခဲ့တယ်။ ဒါ့ပြင် ကျွန်တော်ဟာ ထိုးသတ်တဲ့ အားကစားကိုပဲ အမြဲစိတ်ပါဝင်စားတယ်။ ဒါပေမဲ့ ကျွန်တော် ဘယ်တော့မှ အခွင့်အရေးမရခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ကောလိပ်ဒုတိယနှစ်မှာ အမှန်အကန် စတင်ခဲ့တယ်"ဟု ၎င်းက ပြောတယ်။အောင်လဆန်းဟာ လေ့ကျင့်ဖက်နဲ့ ထိုးသတ်စဉ်အတွင်း မတော်တဆ တိုက်ခိုက်မှုကြောင့် သူ့နှာခေါင်းရိုး ကျိုးသွားပြီး မကြာမီက ပြိုင်ပွဲတွေကို နားခဲ့ရတယ်။ ဒီဒဏ်ရာကြောင့် သူဟာမတ်လ ၁၆ ရက်နေ့မှာ ပြုလုပ်ဖို့ရှိတဲ့ ပြိုင်ပွဲတစ်ပွဲ နဲ့ လွဲခဲ့ရတယ်။ဒါပေမဲ့ သူဟာ ပြန်လည်လေ့ကျင့်ခဲ့ပြီး ဧပြီလ ၁၂ ရက်နေ့ မှာ CFFC နှစ်ခု၌ ထိုးသတ်ဖော် ဘဲလားတား ၀ါရင့် ကီလီဘာကာနဲ့ ထိုးသတ်ဖို့ စီစဉ်ထားတယ်။'မြန်မာ့စပါးအုံး'မြွေလို့ အမည်ပြောင် ရထားတဲ့ အောင်လဟာ အလျင်အမြန် ဆက်တိုက်ပဲ သူ့ရဲ့တတိယမြောက် ထိုးသတ်ပွဲမှာ အနိုင်ရခဲ့ရင် သူဟာ မြန်မာ နိုင်ငံမှ ပထမဦးဆုံး အမ်အမ်အေချန်ပီယံ ဖြစ်လာမယ့် သူ့ရည်မှန်းချက်အကောင် အထည်ဖော်ဖို့ ပိုပြီးနီးစပ်လာပါလိမ့်မယ်။ဒါ့ပြင် သူ့ အမိမြေမှ ပရိသတ်တွေအတွက် အောက်ပါ မက်ဆေ့ခ်ျကို ပေးပါတယ်။
"သူ့ဆုကြေးစားဘ၀ဟာ ခက်ခဲကြမ်းတမ်းပါတယ်။ ဒါဟာ တစ်နေ့ တစ်ရက်နဲ့ ဖြစ်လာတာမဟုတ်ပါဘူး။ အမြင့်ဆုံးအဆင့်မှာ ပြိုင်ပွဲဝင်ဖို့၊ အပြင်းအထန် အလုပ်လုပ်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူရပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ထိုးသတ်ပွဲတွေကို စောင့်ကြည့်ကြပါ။ ကျွန်တော့်အတွက်
ဆုတောင်းပေးကြပါ"
ဂျိမ်းစ်ဂွိုင်ဒါ
(ဂျိမ်းစ်ဂွိုင်ဒါဟာ ဘန်ကောက် အခြေစိုက် အလွတ်တန်းသတင်းထောက် တစ်ဦး ဖြစ်ပြီး သူ့ကို
This email address is being protected from spambots. You need JavaScript enabled to view it. သို့ ဆက်သွယ်နိုင်ပါတယ်။)
၂၀၁၂ခုနှစ်၊အောက်တိုဘာလ၁၃ရက်နေ့ကဒဲလာဝဲယားပြည်နယ်ဒိုဗာတွင်ကျင်းပခဲ့သော ကေ့ခ်ျဖြူရီဖိုက်တင် ချန်ပီယံပြိုင်ပွဲ (CFFC) ပထမအချီမှာပင် ဂျက်ဆင်လောက်အား အလဲထိုး အနိုင်ရပြီးနောက် အောင်ပွဲခံနေသော အောင်လဆန်း။ ဓာတ်ပုံ - Supply၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့က ဒဲလာဝဲယားပြည်နယ် ဒိုဗာတွင် ကျင်းပခဲ့သော ကေ့ခ်ျဖြူရီဖိုက်တင် ချန်ပီယံပြိုင်ပွဲ (CFFC) ပထမအချီမှာပင် ဂျက်ဆင်လောက်အား အလဲထိုး အနိုင်ရပြီးနောက် အောင်ပွဲခံနေသော အောင်လဆန်း။
ကချင်ပြည်နယ်မှာ မကြာမီက ယမ်းငွေ့ ဝေကာ ကချင်လူထု ပူမှုတွေ ပွေခဲ့ရပါတယ်။ ဒါပေမဲ့ တည်ငြိမ်မှုမရှိသေးတဲ့ မြောက်ပိုင်းပြည်နယ်မှ ကိုယ်ခံပညာမျိုးစုံ လက်ဝှေ့သမားတစ်ဦးဟာ ကချင်လူမျိုးတွေ သူတို့ပြည်နယ်မှာ ဂုဏ်ယူဝင့်ကြွားဖို့နဲ့ သူတို့အတွက် သတင်းကောင်းတွေ သယ်ဆောင်
ဖို့ ကြိုးပမ်းနေပါတယ်။အောင်လဆန်းဟာ မြစ်ကြီးနားဇာတိ ဖြစ်တယ်။ သူဟာ အမေရိကန် ဘာလ်တီမိုးမြို့မှာ အခုအခါအခြေစိုက်နေတယ်။ဒါ့ပြင် သူဟာ အဆင့်မြင့်တဲ့ပြိုင်ပွဲ တစ်ရပ်ဖြစ်တဲ့ အမေရိကန် ကိုယ်ခံပညာမျိုးစုံ (MMA) ပြိုင်ပွဲမှာအောင်ပွဲနဲ့ ပျော်ရွှင်နေပါတယ်။အသက် ၂၇ နှစ်ရှိတဲ့ အောင်လဆန်းဟာ ဆုကြေးစားစံချိန် အနေနဲ့ ၁၃ ပွဲနိုင်၊ ရှစ်ပွဲရှုံး ရလဒ်ရနေပါ တယ်။သူဟာ ဝေါလ်တာဝိတ်တန်းမှာ ထိပ်တန်းအဆင့်ရရှိဖို့ ဖြည်းဖြည်းနဲ့ မှန်မှန် အလုပ်လုပ်နေပါတယ်။
ရန်ကုန် နိုင်ငံတကာကျောင်းမှာ တက်ခဲ့တဲ့ အောင်လဆန်းဟာ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလက၎င်း ရဲ့ ၀က်ဘ်ဆိုက်ပေါ်မှာ အောက်ပါသတင်းစကားနဲ့အတူ သူ့ဇာတိမြေမှ ဒုက္ခသည်တွေကို သူ့ဆုကြေးငွေမှ ၂၅ ရာခိုင်နှုန်း လှူမယ်လို့ သူ့နောက်ဆုံးပွဲမတိုင်မီ ကြေညာတဲ့အခါ မှာ သူ့မွေးရပ်မြေမြန်မာနိုင်ငံမှ ပရိသတ်အသစ်တွေရဲ့ချစ်ခင်လေးစားမှုကိုခံခဲ့ရတယ်။ကျွန်တော်ဟာကျွန်တော်တို့ ကချင်လူမျိုးတွေ အတွက်အောက်တိုဘာလ၁၃ရက်နေ့ နောက် ပြိုင်ပွဲတစ်ခုမှာ စူးနစ်ထားပါတယ်။ ပြဿနာကို အဖြေမရှာနိုင်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ဒါပေမဲ့ ဒါဟာ ငိုကြွေးသံတွေနဲ့ ခံစားနေရတဲ့ ကျွန်တော်တို့ ကချင်လူမျိုးတွအတွက် ကျွန်တော်ပြောပြနိုင်တဲ့ နည်းလမ်းပါပဲ" လို့ ၎င်းကပြောတယ်။
အောင်လဆန်းနဲ့ ဂျက်ဆန်လောက် တို့ရဲ့ ထိုးသတ်ပွဲဟာ ဒဲလာဝဲယားပြည်နယ် ဒိုဗာမှာ ပြုလုပ်ခဲ့တယ်။Cage Fury Fighting Championship (CFFC) ရဲ့ အဓိကပြိုင်ပွဲဖြစ်ခဲ့တယ်။ မြန်မာပြည်ဖွားလက်ဝှေ့သမားရဲ့ ပထမအချီလက်သီးချက်ကြောင့်၎င်းထက်ပိုမိုအတွေ့ကြုံရှိတဲ့ပြိုင်ဘက်ကို အလဲထိုးကာ ပြတ်ပြတ် သားသား အောင်ပွဲဆင်ခဲ့တယ်။ထို့နောက်၎င်းဟာကချင်အမျိုးသားအလံကို ကိုင်ဆောင်အောင်ပွဲခံသွားခဲ့တယ်
"ကျွန်တော် မြစ်ကြီးနား ဇာတိပါ။ ကျွန်တော့်အသက် ခုနစ်နှစ်အရွယ်မှာ အလုံမြို့နယ်ကို ပြောင်းခဲ့တယ်။ ကျွန်တော် ရှစ်နှစ်ခန့်မှာ ကရာတေး စကစားခဲ့တယ်။ ဒါ့ပြင် ကျွန်တော်ဟာ ထိုးသတ်တဲ့ အားကစားကိုပဲ အမြဲစိတ်ပါဝင်စားတယ်။ ဒါပေမဲ့ ကျွန်တော် ဘယ်တော့မှ အခွင့်အရေးမရခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ကောလိပ်ဒုတိယနှစ်မှာ အမှန်အကန် စတင်ခဲ့တယ်"ဟု ၎င်းက ပြောတယ်။အောင်လဆန်းဟာ လေ့ကျင့်ဖက်နဲ့ ထိုးသတ်စဉ်အတွင်း မတော်တဆ တိုက်ခိုက်မှုကြောင့် သူ့နှာခေါင်းရိုး ကျိုးသွားပြီး မကြာမီက ပြိုင်ပွဲတွေကို နားခဲ့ရတယ်။ ဒီဒဏ်ရာကြောင့် သူဟာမတ်လ ၁၆ ရက်နေ့မှာ ပြုလုပ်ဖို့ရှိတဲ့ ပြိုင်ပွဲတစ်ပွဲ နဲ့ လွဲခဲ့ရတယ်။ဒါပေမဲ့ သူဟာ ပြန်လည်လေ့ကျင့်ခဲ့ပြီး ဧပြီလ ၁၂ ရက်နေ့ မှာ CFFC နှစ်ခု၌ ထိုးသတ်ဖော် ဘဲလားတား ၀ါရင့် ကီလီဘာကာနဲ့ ထိုးသတ်ဖို့ စီစဉ်ထားတယ်။'မြန်မာ့စပါးအုံး'မြွေလို့ အမည်ပြောင် ရထားတဲ့ အောင်လဟာ အလျင်အမြန် ဆက်တိုက်ပဲ သူ့ရဲ့တတိယမြောက် ထိုးသတ်ပွဲမှာ အနိုင်ရခဲ့ရင် သူဟာ မြန်မာ နိုင်ငံမှ ပထမဦးဆုံး အမ်အမ်အေချန်ပီယံ ဖြစ်လာမယ့် သူ့ရည်မှန်းချက်အကောင် အထည်ဖော်ဖို့ ပိုပြီးနီးစပ်လာပါလိမ့်မယ်။ဒါ့ပြင် သူ့ အမိမြေမှ ပရိသတ်တွေအတွက် အောက်ပါ မက်ဆေ့ခ်ျကို ပေးပါတယ်။
"သူ့ဆုကြေးစားဘ၀ဟာ ခက်ခဲကြမ်းတမ်းပါတယ်။ ဒါဟာ တစ်နေ့ တစ်ရက်နဲ့ ဖြစ်လာတာမဟုတ်ပါဘူး။ အမြင့်ဆုံးအဆင့်မှာ ပြိုင်ပွဲဝင်ဖို့၊ အပြင်းအထန် အလုပ်လုပ်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူရပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ထိုးသတ်ပွဲတွေကို စောင့်ကြည့်ကြပါ။ ကျွန်တော့်အတွက်
ဆုတောင်းပေးကြပါ"
ဂျိမ်းစ်ဂွိုင်ဒါ
(ဂျိမ်းစ်ဂွိုင်ဒါဟာ ဘန်ကောက် အခြေစိုက် အလွတ်တန်းသတင်းထောက် တစ်ဦး ဖြစ်ပြီး သူ့ကို
This email address is being protected from spambots. You need JavaScript enabled to view it. သို့ ဆက်သွယ်နိုင်ပါတယ်။)

0 comments:
Post a Comment