Saturday, April 6, 2013

မိခင်ကို မုဒိမ်းကျင့်ဖို့ ကြိုးစားတဲ့ လူမိုက်ကို ခုခံပေးတဲ့ သားလိမ္မာ


  ဒုက္ခရောက်နေလို့တဲ့ဗျာ--ကူညီပေးကြပါဦး
၂၀၁၃ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့က မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့နယ်ခွဲ၊ မင်းကြည့်ရွာနေ ဒေါ်ဝင်းကြည် အသက် ၄၉ နှစ် (၂၀၁၁ ရေဘေးတွင် ယောကျာ်းဆုံး၍ မုဆိုးမဖြစ်သူ) အား တစ်ရွာတည်းနေ လူမိုက်ဖြစ်သူ ကျော်ဦးမှ ဓားဖြင့်ထောက်၍ သားမယားပြုကျင့်ရန် ကြိုးစားရာ ဒေါ်ဝင်းကြည်မှ အော်ဟစ်အကူအညီတောင်းခံရာ မိခင်အော်သံကို ကြားမိသော စိန်လင်းအောင်၊ အသက် ၂၁ နှစ်မှ မိခင်အား ကူညီရန် ဒေါ်ဝင်းကြည်၏ အခန်းတွင်းသို့ ပြေးဝင်ခဲ့သည်ဆို၏။ ထို့နောက် စိန်လင်းအောင်နှင့် ကျော်ဦးတို့ သတ်ပုတ်ရာ ကျော်ဦးမှ အသင့်ဆောင်ထားသော ဓားဖြင့် စိန်လင်းအောင်အား ခုတ်ရာ မျက်ခုံးမှ နားအထက်အထိ ၇ လက်မအထိ ပြတ်ရှဒဏ်ရာ ရရှိခဲ့သည်။ အဆိုပါဒဏ်ရာအား ပခုက္ကူဆေးရုံကြီးတွင် ကုသမှုခံယူရာ ဒဏ်ရာမှာ သက်သာပြီဖြစ်သော်လည်း မျက်လုံးကို ထိခိုက်သွားသဖြင့် မျက်စိခွဲစိတ်ကုသမှုအား ခံယူရဦးမည် ဖြစ်သည်။ ယခုချိန်ထိ တရားခံ ကျော်ဦးကိုလည်းပဲ ရဲအမှုထမ်းများက ဖမ်းဆီးထားကြောင်း မရှိသေးဟု သိရှိရပါသည်။စိန်လင်းအောင်မှာ ဆင်းရဲနွမ်းပါးသူဖြစ်ပြီး ဆက်လက်ဆေးကုသမှုခံယူရန် ကုန်ကျစရိတ် မတတ်နိုင်တော့သဖြင့် မျက်စိအကန်းခံရတော့မလို ဖြစ်နေသည်။ ထို့ကြောင့် စိန်လင်းအောင်အတွက် ပခုက္ကူယောအသင်းမှ ဆေးကုသစရိတ်အလှုငွေ ကောက်ခံနေကြောင်း သိရပါသည်။ လှုဒါန်းလိုသူများ အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ် လှုဒါန်းနိုင်ကြောင်း သိရသည်။

ဒေါ်ချစ်တင် ၀၉၂၀၄၃၂၈၉
ဦးသိန်းဖေ ၀၆၂-၂၁၂၇၇
ဦးအောင်မြင့်လွင် ၀၆၂-၂၂၇၀၅

Friday, April 5, 2013

မြန်မာ ၈ ဦး သေဆုံးမှုအပေါ် အင်ဒိုနီးရှား အစိုးရကို ဖြေရှင်းပေးရန် တောင်းဆို





အင်ဒိုနီးရှားနိုင်ငံရှိ လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းတခု၌ မြန်မာနှင့် မွတ်စလင်များ အချင်းများ တိုက်ခိုက်မှုကြောင့် မြန်မာ ၈ ဦးသေဆုံးမှုနှင့် ပတ်သက်၍ အင်ဒိုနီးရှားရှိ မြန်မာသံရုံးက အင်ဒိုနီးရှား အစိုးရ တာဝန်ရှိသူများထံ အချက် ၃ ချက်ကို တောင်းမည်ဖြစ်ကြောင်း သိရသည်။

“မှန်မှန်ကန်ကန် တရားမျှတစွာ စုံစမ်းဖော်ထုတ်ပေးရန်၊(ဓား သို့မဟုတ် သေကြေစေသော ကိရိယာများ Detention Centre အတွင်း ရောက်ရှိနေရခြင်း အကြောင်းရင်း၊ Detention Centre ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စောင့်ကြပ် ထိန်းသိမ်းမှု အခြေအနေ)၊ စုံစမ်း ဖော်ထုတ်ချက်အရ အပြစ်ရှိသူများ၊ ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အပြစ်ပေး အရေးယူရန်၊ အင်ဒိုနီးရှားရောက် မြန်မာနိုင်ငံသားများ၏ လုံခြုံရေးကို အလေးထား ဆောင်ရွက်ပေးရန် တောင်းဆိုသွားမည်” ဟု နေပြည်တော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သူ၏ အင်တာနက် ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံ ဆုမတြားမြောက်ပိုင်း ခရိုင်ရှိ လူဝင်မှုကြီးကြပ်ရေး ထိမ်းသိမ်းရေး စခန်းတွင် အင်ဒိုနီးရှား ကမ်းခြေသို့ လှေဖြင့် ခိုးဝင်လာကြသော မွတ်စလင် ၁၀၀ ကျော်နှင့် တရားမ၀င် ငါးဖမ်းသည့် မြန်မာ ၁၁ ဦးတို့ကို အတူတူ ချုပ်ထား ခဲ့ကြောင်း၊ စခန်းတွင်း၌ အချင်းချင်း တိုက်ခိုက်မှုကြောင့် မြန်မာ ၈ ဦးသေဆုံးပြီး မွတ်စလင် ၁၅ ဦး ဒဏ်ရာရရှိကြောင်း၊ နောက်ထပ် မြန်မာ ၃ ဦးမှာ ထိခိုက်မှုမရှိ လွတ်မြောက်ခဲ့ကြောင်း နယ်မြေခံ ရဲချုပ် Enfro Kiswanto ကို ကိုးကားပြီး အေပီ သတင်းတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားရှိ မြန်မာသံရုံး၏ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ အဆိုပါကိစ္စ ကိုင်တွယ် ဖြေရှင်းပေးရန်အတွက် အစည်းအဝေး ထိုင်နေကြောင်း သံရုံအမှုထမ်းတဦးက ဧရာဝတီကို ပြောသည်။

“အခု ကျနော်တို့ အဲဒီကိစ္စပဲ အစည်းအဝေး ထိုင်နေပါတယ်” ဟု အဆိုပါ အမှုထမ်းက ဆိုသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ရဲချုပ် Enfro Kiswanto က မျက်မြင်သက်သေများကို ကိုးကားပြောဆိုရာတွင် မွတ်စလင်များနှင့် ဗုဒ္ဓဘာသာဝင် ငါးဖမ်းသမားများသည် မြန်မာနိုင်ငံတွင် မကြာခင်က ဖြစ်ပွားခဲ့သည့် ဘာသာရေး၊ လူမှုရေး အဓိကရုဏ်း ကိစ္စများကို အခြေခံပြီး အချင်းချင်း စကားများကြရာက တုတ်၊ ဓားများ ဆွဲကိုင်ကာ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဓားတွေ ဘယ်လိုရှိနေကြတယ်ဆိုတဲ့ ကိစ္စ အပါအဝင် အဖြစ်အပျက်ကို စုံစမ်းတုန်းပါ။ သူတို့ကို လာရင်းနေရပ်ဆီ မြန်မြန် ပြန်ပို့ပါတော့မယ်” ဟု ရဲချုပ် Enfro Kiswanto က အေပီ သတင်းဌာနသို့ ပြောသည်။

ဒဏ်ရာရသူ၊ သေဆုံးသွားသူများကို ဘေလ၀န်မြို့တောင်ဘက် ၁၄ မိုင် ဝေးသော ခရိုင်မြို့တော်ရှိ မေဒင် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားခဲ့သော ထိမ်းသိမ်းရေး စခန်းတွင် ခိုလှုံခွင့်လျှောက်ထားသူ စုစုပေါင်း ၂၈၀ ကျော်နှင့် တရားမ၀င် ငါးဖမ်းမှု၊ အင်ဒိုနီးရှားနိုင်ငံ နယ်နမိတ်အတွင်း ခိုးဝင်မှုများဖြင့် ဖမ်းဆီထားသူ မြန်မာများကို ထိမ်းသိမ်းထားကြောင်း သိရသည်။

လွန်ခဲ့သည့်လက မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့၌ စတင်ဖြစ်ပေါ်ခဲ့သည့် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများသည် ပဲခူးတိုင်း အနောက်ခြမ်း မြို့နယ်တချို့သို့ပါ ကူးစက် ပြန့်ပွားသွားခဲ့ရာ ၄၃ ဦး သေဆုံးပြီး ရာနှင့်ချီသော အိုးအိမ်နှင့် ဘာသာရေး အဆောက်အအုံများ ပျက်ဆီး ဆုံးရှုံးခဲ့ကာ လူပေါင်း ၁ သောင်းကျော် ဒုက္ခသည်ဘ၀ ရောက်ခဲ့ကြရသည်။

၂၀၁၂ ခုနှစ်ကလည်း မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ်တွင် လူအုပ်စုချင်း ပဋိပက္ခဖြစ်ပွားကာ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးပြီး လူ ၁ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
ဧရာဝတီ
သေမှုသေခင်းဆိုင်ရာ ရဲအရာရှိက သေဆုံးသူ မြန်မာများကို မေဒင်ဆေးရုံတွင် စစ်ဆေးနေစဉ် (ဓာတ်ပုံ – Reuters)

ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းအတွင်း အကြမ်းဖက်မီးရှို့ခံခဲ့ရသည့် ကျေးရွာများမှ အောက်တိုဘာလ(၂၈)ရက်နေ့တွင် ခြိမ်းခြောက် ငွေကြေးတောင်းခံ

ကျောက်တော်မြို့နယ်တွင် ခမရ(၃၇၅) ဗိုလ်မှူး စနိုင်မောင် ဦးဆောင်သောအဖွဲ့သည် ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းအတွင်း အကြမ်းဖက်မီးရှို့ခံခဲ့ရသည့် ကျေးရွာများမှ အောက်တိုဘာလ(၂၈)ရက်နေ့တွင် ခြိမ်းခြောက် ငွေကြေးတောင်းခံခဲ့ကြောင်း သိရသည်။

ဆင်အိုးချိုင်ရွာ(၅၀၀၀၀ိ/-)ကျပ်၊ ဆင်အိုးချိုင်ရွာသစ်(၂၀၀၀၀ိ/-)ကျပ်၊ ဗျာလကျေးရွာ(၃၀၀၀၀ိ/-)ကျပ်၊ ပိုက်ဆိပ်ကျေးရွာ(၅၀၀၀၀ိ/-)ကျပ်စီဖြင့် စစ်တပ်မှ ခြိမ်းခြောက်ငွေတောင်းခံခဲ့ကြောင်း ဆင်အိုးချိုင်ရွာမှ ရွာသားတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။

အဆိုပါဒေသခံက " အခု ခမရ(၃၇၅) ဗိုလ်မှူး စနိုင်မောင် ဦးဆောင်တဲ့အဖွဲ့က မီးရှို့ခံထားရပြီး ဒုက္ခရောက်နေကြတဲ့ ရွာတွေကို လိုက်ပြီးတော့ ခြိမ်းခြောက်ကာ ငွေတွေကောက်ခံနေပါတယ်။ အဲဒီရွာတွေက ရွာလူကြီး၊ ဥက္ကဌ၊ ရွာအုပ်ချုပ်ရေးမှူးတွေဆီကိုလာပြီးတော့ ပိုက်ဆံဘယ်လောက်ပေးရမယ်၊ ရွာသားတွေကို အသိပေးထားလိုက်ဆိုပြီးတော့ လာပြောပါတယ်။ ပြီးတော့ ပိုက်ဆံတောင်းတဲ့အချိန်မှာ မင်းတို့ရွာမှာ လက်နက်ရှိတယ်လို့ ကြားတယ်။ အဲဒီလက်နက်တွေကို ငါတို့ဆီကို အပ်ရမယ်။ မအပ်ရင်ဖမ်းမယ်။ အဖမ်းမခံချင်ရင် ပိုက်ဆံပေးရမယ်ဆိုပြီးတော့ ခြိမ်းခြောက်တောင်းသွားပါတယ်။ " ဟု ပြောသည်။

ဒေသခံပြည်သူများမှာ ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းဒဏ်ကြောင့် အိုးအိမ်များ စွန့်ခွာထွက်ပြေးနေရသည့်အချိန်တွင် တပ်မတော်သားများအနေဖြင့် ကူညီထောက်ပံ့မှုမပေးသည့်အပြင် ယုခုကဲ့သို့ ခြိမ်းခြောက် ငွေကြေးတောင်းခံမှုများ ရှိသည့်အတွက် ဒေသခံများမှာ ထပ်ဆင့်ဒုက္ခရောက် နေကြကြောင်းသိရသည်။

Thursday, April 4, 2013

မြောက်ဦးယဉ်ကျေးမှု ထိန်းသိမ်းရေး စိုးရိမ်ဘွယ် အနေအထား၌ ရှိနေဆဲ

သိန်းလှိုင် | ကြာသပတေးနေ့၊ ဧပြီလ ၀၄ ရက် ၂၀၁၃ ခုနှစ်

စစ်တွေ(မဇ္ဈိမ)။ ။ ယမန်နှစ်က ကမ္ဘာ့အမွေအနှစ်များ ရန်ပုံငွေအဖွဲ့(Global Heritage Fund) မှ ထုတ်ပြန်သော အစီရင်ခံစာတွင် မြောက်ဦးမြို့ကို အာရှတိုက်၏ စိုးရိမ်ဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်နေရသော ယဉ်ကျေးမူ အမွေအနှစ် ၁၀ခု စာရင်းသွင်းခဲ့ပြီး တနှစ်တာကြာသည့် ယနေ့အချိန်ထိ “မြောက်ဦးမြို့တော်၏ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးမှာ လွန်စွာစိုးရိမ်ဘွယ် အနေအထား၌ပင် ရှိနေဆဲဖြစ်ကြောင်း” ရခိုင် သမိုင်းပညာရှင်များက သုံးသပ်ကြသည်။

၂၀၁၂ခုနှစ်၊ မေလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အဆိုပါ အစီရင်ခံစာတွင် အာရှတိုက်၏ ရှေးခေတ် ဗိသုကာ လက်ရာများမှာ စီးပွားရေးလုပ်ငန်းများ ထွန်းကားလာခြင်း၊ လုံလောက်သော ပြုပြင် ထိန်းသိမ်းမှု မရှိခြင်း၊ ခိုးယူလုယက်ခြင်း၊ စစ်မက်ဖြစ်ပွားခြင်းနှင့် ခရီးသွားလုပ်ငန်းများ ကျယ်ပြန့်လာခြင်း တို့ကြောင့် ပျက်စီးပျောက်ကွယ်မည့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် နေရာ၁၀ခုတွင် ထိုင်းနိုင်ငံမှ အယုဒ္ဓယ၊ အာဖဂန်နစ္စတန်နိုင်ငံမှ ဗုဒ္ဓသာသနိက အဆောက်အအုံ တခု၊ တရုတ်နိုင်ငံမှ ရှေးဟောင်းမြို့တော် တခုနှင့် အတူ မြန်မာနိုင်ငံမှ ရှေးဟောင်းမြို့တော် မြောက်ဦးကိုလည်း ဖော်ပြထားသည်။

မြောက်ဦးမြို့တွင် နေထိုင်ပြီး မြောက်ဦးပြတိုက်မှူးအဖြစ် ဆောင်ရွက်ခဲ့သူ ရှေးဟောင်း သုတေသန ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးဟောင်း (ငြိမ်း) ဦးကျော်ထွန်းအောင်က မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ် ဇုံထိန်းသိမ်းမှုသည် ယခင်နှစ်ကထက် ပိုမိုဆိုးလာပြီး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေကို ဖြတ်ကာ ရထားလမ်း၊ ကားလမ်း ဖောက်လုပ်မှုများ၊ ဟိုတယ်နှင့် အခြားအဆောက်အဦးများ နေရာယူမှုတို့သည် ယဉ်ကျေးမှု အမွေအနှစ်ကို ပျက်စီးစေသည်ဟု ဆိုသည်။

၎င်းက “ နန်းတော်ရာကုန်းမှာ မြေတူးတဲ့လုပ်ငန်းလို မိမိတို့ဌာနနဲ့ မဆိုင်တဲ့လုပ်ငန်းတွေကို လုပ်ကိုင်တာတွေ ရှိနေတယ်။ အထူးသဖြင့် မြောက်ဦး ရှေးဟောင်း သုတေသန ဦးစီးဌာနအနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းဥပဒေတွေနဲ့ အညီကိုင်တွယ် ထိန်းသိမ်းမှုပိုင်းမှာ အားနည်းနေတာ တွေ့ရတယ်”ဟု ဆိုသည်။

အာရှတိုက် တခုလုံး၏ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမှု အညံ့ဖျင်းဆုံး ၁၀နေရာ စာရင်းတွင် ပါဝင်လာ ရခြင်းမှာ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ် ဒေသတွင် ရှေးဟောင်းဘုရား စေတီပုထိုးများ ပြုပြင်ရာတွင်
ရှေးဟောင်း သုတေသန နည်းစနစ်နှင့်အညီ မဟုတ်ဘဲ ပြုပြင်မွမ်းမံခြင်း၊ သက်ဆိုင်ရာက ကားဂိတ်များ အား နန်းတော်အထဲမှာ နေရာချထားခြင်း စသည့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ အတားအဆီး အတိုင်းအဆမရှိ ပျက်စီးချင်တိုင်း ပျက်စီးနေသည့် အခြေအနေ များကြောင့်Global HeritageFund က စိုးရိမ်ဘွယ်ရာ စာရင်းထဲမှာ ထည့်သွင်း ထားခြင်းဖြစ်သည်ဟု ရခိုင်သမိုင်းပညာရှင်တို့က ဆိုသည်။

အဆိုပါ စာရင်းမှ ပယ်ဖျက်နိုင်ရန်အတွက် မြောက်ဦးမြို့နယ်နှင့် ကျောက်တော် မြို့နယ်များသို့ သွားရောက်ကာ နေရာငါးခု၌ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဟောင်းသုတေသနဌာနမှ စားသောက်ဆိုင် လုပ်ဆောင်ခွင့်သာ ပေးထားသည်ကို ယဉ်ကျေးမှုဇုံအတွင်း ၀င်ရောက်ကာ ဟိုတယ်ဆောက်လုပ်သဖြင့် ဌာနမှ တရားစွဲဆိုခဲ့သည်ဟု ဦးကျော်ထွန်းအောင် က ပြောပြခဲ့သည်။

နိုင်ငံတကာ သမိုင်းပညာရှင်များက ရခိုင်သမိုင်းကို ဓည၀တီခေတ် (ဘီစီ ၃၃၂၅-အေဒီ ၃၂၇) ၊ ဝေသာလီ ခေတ်( အေဒီ ၃၂၇-အေဒီ၈၁၈)၊ လေးမြို့ခေတ် (အေဒီ ၈၁၈-အေဒီ ၁၄၃၀) မြောက်ဦးခေတ် (အေဒီ၁၄၃၀-
အေဒီ၁၇၈၄) ဟူ၍ ခေတ် လေးခေတ် သတ်မှတ်ထားခဲ့ပြီး မြောက်ဦးမြို့မှာ ရခိုင်တို့၏ နောက်ဆုံး နန်းမြို့တော် ဖြစ်သည်။

မြောက်ဦးခေတ်သည် ခေတ်အဆက်ဆက်မှ ရခိုင်ယဉ်ကျေးမှု အနုပညာ ဗသုကာ လက်ရာများ ပေါင်းဆုံခဲ့ သဖြင့် ရခိုင်သမိုင်းတွင် အရေးပါကြောင်း ဦးကျော်ထွန်းအောင်က ရှင်းပြခဲ့သည်။ ထို့ကြောင့် ယူနက်စကို အသိအမှတ်ပြု ယဉ်ကျေးမှု အမွေအနှစ် နယ်မြေဖြစ်လာရေး တန်းစီဇယားတွင် တတိယနေရာ ရရှိထားသည်ဟု သိရသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဦးကျော်ထွန်းအောင်က “အစိုးရက ဗိဿနိုး၊ဟန်လင်းနဲ့ပုဂံကိုတင်ပြတယ်။ ဒါပေမယ့် World Heritage ကပုဂံကို လုံးဝလက်မခံခဲ့ဘူး။ ဘာလို့လဲဆိုတော့ ပုဂံမှာ အဆောက်အဦး အသစ်တွေ၊ ဟိုတယ်တွေဟာ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို လွှမ်းမိုးပြီး၊ ရှေးဟောင်း ယဉ်ကျေးမှု နဂို ပင်မ စရိုက် လက္ခဏာတွေအားလုံး ပျက်စီးသွားလို့ပါပဲ။ ဒါကြောင့် ဗိဿနိုးနဲ့ ဟန်လင်းကို သက်တမ်းအရ တန်းစီဇယားထိပ်မှာ ထားပြီးတော့ မြောက်ဦးကို တတိယနေရာမှာ ထားလိုက်တယ် ” ဟုထောက်ပြခဲ့သည်။

“မြောက်ဦးဟာ ရခိုင်လူမျိုးရပ်တည်ရှင်သန်မှုရဲ့ အမှတ်သင်္ကေတဖြစ်တယ်။ ရခိုင်တို့ရဲ့အသည်းနှလုံး ဆိုရင်လည်း မမှားဘူးပေါ့။ ဒါတွေကိုအဓိက တာဝန်ယူထားရတဲ့ ရှေးဟောင်းသုတေသနဦးစီးဌာနက သူတို့နဲ့မဆိုင်သလို လုပ်နေတာ တွေ့ရတော့ အကြီးအကျယ်စိတ်ပျက်မိတယ်” ဟုမြောက်ဦးဒေသခံ စာရေးဆရာ နောင်အေး က မှတ်ချက်ပြုသည်။

မြောက်ဦးမြို့မှာ ရခိုင်ဘုရင် မင်းစောမွန်က အေဒီ ၁၄၃၀ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၃၅၅ နှစ် တည်တံ့ခဲ့ပြီး၊ ရခိုင်မင်းဆက်ပေါင်း ၄၈ ဆက်စိုးစံခဲ့သည့် ရခိုင်သမိုင်းဆိုင်ရာ ယဉ်ကျေးမူအမွေအနှစ်များ အထူး ပေါကြွယ်ဝသော ရှေးဟောင်း မြို့တော် တခု ဖြစ်သည်

Wednesday, April 3, 2013

အစ္စလာမ် ဘာသာဝင်များအတွက် ဗလီများ ဆောက်လုပ်ခွင့်နှင့် ဗလီများအတွင်း စာသင်ကြားခွင့်များကို သာသနာရေးမှ တရားဝင် ခွင့်ပြုထားခြင်း မရှိကြောင်း ရန်ကုန်တိုင်း သာသနာရေးမှူး ပြောကြား

အစ္စလာမ် ဘာသာဝင်များအတွက် ဗလီများ ဆောက်လုပ်ခွင့်နှင့် ဗလီများအတွင်း စာသင်ကြားခွင့်များကို သာသနာရေးမှ တရားဝင် ခွင့်ပြုထားခြင်း မရှိကြောင်း ရန်ကုန်တိုင်း သာသနာရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး သာသနာရေး ၀န်ကြီးဌာနမှ ဦးအောင်ကြည်က ဧ
ပြီလ ၂ ရက်နေ့တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ၀န်းကြီး
ချုပ်နှင့် မီဒီယာများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး၊ သာ
သနာရေး ၀န်ကြီးဌာနမှ ဦးအောင်ကြည်က “ကျွန်တော်တို့ သာသနာရေး ၀န်ကြီးဌာနအနေနဲ့ တရားဝင်ဗလီဆိုပြီး ဆောက်ခွင့်ပေးတာ မရှိပါဘူး။ အစဉ်အလာအရ တည်ဆောက်ပြီး ၀တ်ပြုတယ်။

သူတို့တွေ အစဉ်အလာအရ ဗလီတည်ဆောက်တာ ဖြစ်တဲ့အခါမှာ ကျွန်တော်တို့ အနေနဲ့ မကန့်ကွက်တာပါ။ ဗလီတွေကို သူတို့ဘာသူ
တို့ ဆောက်တယ်။ အဲဒီဗလီမှာ သူတို့ဘာသူတို့ စာသင်ကြတာပါ။ တရားဝင်ဗလီဆိုပြီး မရှိပါဘူး” ဟု သတင်းထောက်များအား ပြော
ကြားခဲ့သည်။

သာသနာရေး ၀န်ကြီးဌာန၏ စာရင်းများအရ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဗလီစုစုပေါင်း ၁၄၀ ခန့် ရှိကြောင်း သိရှိရသည်။

ဗလီများတွင် လက်နက်များ စုဆောင်းထားသည်ဟူသော လူထုအတွင်း ထွက်ပေါ်နေသည့် သတင်းများအရ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ
မောင်ငံဗလီသို့ ၀င်ရောက်စစ်ဆေးရာ လက်နက်များ စုစောင်းထားခြင်း မရှိကြောင်း မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ဦးသက်ချိုက မီဒီယာများသို့ ပြောကြားခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဗလီအများဆုံး မြို့နယ်များ
မှာ မင်္ဂလာတောင်ညွန့်၊ ပန်းဘဲတန်း၊ ဗိုလ်တထောင်၊ သန်
လျင်၊ သာကေတ၊ ကျောက်တံတားမြို့နယ်များ ဖြစ်ကြသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် တွင် ဗလီ ၁၈ ခု၊ ပန်းဘဲတန်းတွင် ၁၁
ခု၊ ဗိုလ်တထောင်တွင် ၁၀ ခု ရှိကြောင်း အကြမ်းဖျင်း သိရှိရသည်။ ထို့ပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအနက် ဗလီအများဆုံး ပြည်
နယ်မှာ ရခိုင်ပြည်နယ်ဖြစ်ပြီး ဗလီပေါင်း ၁၀၀ ကျော် ရှိသည်ဟု သိ
ရှိရသည်။ တစ်နိုင်ငံလုံး အနေဖြင့် ဗလီအရေ အတွက် ၇၀၀ ကျော်
ရှိမည်ဟု ခန့်မှန်းကြသည်။

မြန်မာနိုင်ငံ လူဦးရေ၏ ၄ ရာခိုင်နှုန်းမှာ အစ္စလာမ် ဘာသာဝင်များ
ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အစ္စလမ်ဘာသာဝင်ပေါင်း သုံးသန်း
ဝန်းကျင်ခန့် ရှိမည်ဖြစ်ကြောင်း ခန့်မှန်းကြသည်။

ရန်ကုန်တိုင်း သာသနာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ သာသနာရေး
ဝန်ကြီးဌာနမှ ဦးအောင်ကြည်