“
အမျိုးသမီးများ ပညာသင်ကြားခွင့် လှုပ်ရှားမှုများကြောင့် တာလီဘန်တို့၏ ရန်ငြှိုးဖွဲ့ လုပ်ကြံမှုကို ခံခဲ့ရသော်လည်း အသက်မသေခဲ့သည့် မာလာလာ ယူဆွတ်ဖ်ဇိုင်က သူမ၏ ဘဝအတွက် စာအုပ်တစ်အုပ် ထုတ်ဝေရန် ခွင့်ပြုထားကြောင်း သတင်းများ ထွက်ပေါ်လာသည်။
ယခုနှစ်ကုန်ပိုင်းတွင် ပါကစ္စတန် ဆယ်ကျော်သက် မိန်းကလေး၏ ဘဝဇာတ်ကြောင်းကို သီကုံးရေးသားထားသည့် “I Am Malala” ဆိုသော စာအုပ်မှာ အင်္ဂလိပ် ဘာသာဖြင့် ထွက်ရှိလာမည်ဟု သိရသည်။
Weidenfeld&Nicholsonကအဆိုပါစာအုပ်ကို ဖြန့်ဝေရန်အတွက်ဒေါ်လာ(၃)သန်းမာလာလာကို ပေးအပ်ခဲ့ကြောင်း Guardianက ဖော်ပြခဲ့သည့်တိုင်သက်ဆိုင်ရာစာအုပ်ထုတ်ဝေရေးလုပ်ငန်းကမှတ်ချက်ပေးရန် ငြင်းဆိုထားသည်။ မာလာလာသည် ယခုအခါ သေနတ်ဒဏ်ရာ ကုသမှု ပျောက်ကင်းသည့်နောက် ဗြိတိန်တွင် ကျောင်း တက်နေပြီ ဖြစ်သည်။


0 comments:
Post a Comment