ဒုက္ခရောက်နေလို့တဲ့ဗျာ--ကူညီပေးကြပါဦး
၂၀၁၃ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့က မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့နယ်ခွဲ၊ မင်းကြည့်ရွာနေ ဒေါ်ဝင်းကြည် အသက် ၄၉ နှစ် (၂၀၁၁ ရေဘေးတွင် ယောကျာ်းဆုံး၍ မုဆိုးမဖြစ်သူ) အား တစ်ရွာတည်းနေ လူမိုက်ဖြစ်သူ ကျော်ဦးမှ ဓားဖြင့်ထောက်၍ သားမယားပြုကျင့်ရန် ကြိုးစားရာ ဒေါ်ဝင်းကြည်မှ အော်ဟစ်အကူအညီတောင်းခံရာ မိခင်အော်သံကို ကြားမိသော စိန်လင်းအောင်၊ အသက် ၂၁ နှစ်မှ မိခင်အား ကူညီရန် ဒေါ်ဝင်းကြည်၏ အခန်းတွင်းသို့ ပြေးဝင်ခဲ့သည်ဆို၏။ ထို့နောက် စိန်လင်းအောင်နှင့် ကျော်ဦးတို့ သတ်ပုတ်ရာ ကျော်ဦးမှ အသင့်ဆောင်ထားသော ဓားဖြင့် စိန်လင်းအောင်အား ခုတ်ရာ မျက်ခုံးမှ နားအထက်အထိ ၇ လက်မအထိ ပြတ်ရှဒဏ်ရာ ရရှိခဲ့သည်။ အဆိုပါဒဏ်ရာအား ပခုက္ကူဆေးရုံကြီးတွင် ကုသမှုခံယူရာ ဒဏ်ရာမှာ သက်သာပြီဖြစ်သော်လည်း မျက်လုံးကို ထိခိုက်သွားသဖြင့် မျက်စိခွဲစိတ်ကုသမှုအား ခံယူရဦးမည် ဖြစ်သည်။ ယခုချိန်ထိ တရားခံ ကျော်ဦးကိုလည်းပဲ ရဲအမှုထမ်းများက ဖမ်းဆီးထားကြောင်း မရှိသေးဟု သိရှိရပါသည်။စိန်လင်းအောင်မှာ ဆင်းရဲနွမ်းပါးသူဖြစ်ပြီး ဆက်လက်ဆေးကုသမှုခံယူရန် ကုန်ကျစရိတ် မတတ်နိုင်တော့သဖြင့် မျက်စိအကန်းခံရတော့မလို ဖြစ်နေသည်။ ထို့ကြောင့် စိန်လင်းအောင်အတွက် ပခုက္ကူယောအသင်းမှ ဆေးကုသစရိတ်အလှုငွေ ကောက်ခံနေကြောင်း သိရပါသည်။ လှုဒါန်းလိုသူများ အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ် လှုဒါန်းနိုင်ကြောင်း သိရသည်။
ဒေါ်ချစ်တင် ၀၉၂၀၄၃၂၈၉
ဦးသိန်းဖေ ၀၆၂-၂၁၂၇၇
ဦးအောင်မြင့်လွင် ၀၆၂-၂၂၇၀၅
ှ


0 comments:
Post a Comment