မေးခွန်းက ရိုးရိုးလေးပါ။ သင့်လုပ်ဖော်ကိုင်ဖက် သို့မဟုတ် သင့်မိတ်ဆွေ တစ်ယောက်ယောက်မှာ ခံတွင်းက အနံ့ဆိုး ထွက်နေတယ်ဆိုရင် သင်က သူတို့ကို ပြောပြမလား။ အခြားလူတွေ အားလုံးလိုပဲ သင်ရဲ့ အဖြေဟာလည်း "မပြောပါဘူး" လို့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ဒီလိုဆိုရင် သင့်ခံတွင်းက အနံ့ဆိုးထွက်နေတယ်ဆိုရင်လည်း ဘယ်သူကမှ သင့်ကို ပြောပြမှာ မဟုတ်ဘူးပေါ့။
ခံတွင်းရနံ့ ဆိုးခြင်းရဲ့ ဖြစ်စဉ်က ခံတွင်းအတွင်းမှာ စားကြွင်စားကျန်နဲ့ ကလာပ်စည်း အသေတွေကို စားသုံးတဲ့ ဗက်တီးရီးယားက ထုတ်လုပ်တဲ့ အငွေ့ပျံလွယ်တဲ့ ဆာလဖာ ဒြပ်ပေါင်းတွေကြောင့် ဖြစ်ပါတယ်။
သာမန် ပလုတ်ကျင်း ဆေးရည်၊ သွားတိုက် ဆေးနှင့် ခံတွင်းဖြန်းဆေးတို့ဟာ ခံတွင်းရနံ့ဆိုးကို မွှေးရနံ့နဲ့ ဖုံးလိုက်တာဖြစ်တဲ့အတွက် ကြာရှည် မခံပါဘူး။
Closys ဆိုတဲ့ ဒြပ်ပေါင်းကတော့ ဆာလဖာ ဒြပ်ပေါင်းတွေကို ဖယ်ရှားလိုက်ပြီး သန့်ရှင်းတဲ့ ခံတွင်းရနံ့ကို လျင်မြန်စွာ ဖြစ်ပေါ်စေပါတယ်။ ခံတွင်းထဲက ဗက်တီးရီးယားကိုလည်း သေစေပါတယ်။
ဒါကြောင့် ခံတွင်းရနံ့ဆိုး ပြဿနာရှိသူတွေ သွားတိုက်ဆေး ဝယ်မယ်ဆိုရင် နောက်ဘက်က ပါဝင်ပစ္စည်းများကို သေချာလေ့လာပြီး ဝယ်ယူသုံးစွဲခြင်းဖြင့် ခံတွင်းရနံ့ဆိုးခြင်းကို ကာကွယ်နိုင်ပါတယ်။
ဇင်မာမြင့်


0 comments:
Post a Comment