Friday, March 29, 2013

၂၇-၃-၂၀၁၃ ရန်ကုန်တိုင်း ရွှေဂုံတိုင် ရွေရသာတွင် Sunflower အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သော ကိုရဲမင်းဦး ပျောက်ဆုံးနေမှုအဖြစ်မှန်ပေါ်ပေါက်ရေးသတင်းစာရှင်းလင်းပွဲမှ-တောင်းဆိုချက်

ယနေ့ (၂၇-၃-၂၀၁၃ ) ရန်ကုန်တိုင်း ရွှေဂုံတိုင် ရွေရသာတွင် Sunflower အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သော ကိုရဲမင်းဦး ပျောက်ဆုံးနေမှု အဖြစ်မှန်ပေါ်ပေါက်ရေး သတင်းစာရှင်းလင်းပွဲမှ-

****တောင်းဆိုချက်***

ရက်စွဲ။ ၂၀၁၃ ခုနှစ် မတ်လ (၂၇) ရက်။
၁။ အမျိုး၊ ဘာသာ ၊ သာသနာရေး နှင့် နိုင်ငံတော် ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားဆောင်ရွက်နေသူ ကိုရဲမင်းဦးပျောက်ဆုံးမှု နှင့် ပက်သက်၍ ယခုအချိန်ထိ မည်သည့်နေရာ၊ မည်သည့် ဌာန ၊ မည်သည့် ရည်ရွယ်ချက် ၊ မည်သူ၏ စေခိုင်းမှုဖြင့် ထိန်းသိမ်းစောင့်ရှောက်ထားသည်ကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပွင့်လင်းမြင်သာမှု ရှိသော ထုတ်ပြန်ချက်မျိုး မရှိသေးခြင်း၊ ထို့ အပြင် မည်သည့်ရက်မှာ့ ပြန်လည် ထိန်းသိမ်းမှုမှ စေလွှတ်မည်ကို တိကျစွာ မသိရခြင်းကို ပြည်သူများ သိသာစေရန် ပွင့်လင်းမြင်သာမှု ရှိသော ကြေညာချက်မျိုး ထုတ်ပြန်စေလိုပါသည်။
၂။ ကိုရဲမင်းဦးကို ဖမ်းဆီးထိန်းသိမ်းသွားသည့် မတ်လ(၂၅) ရက် ညမှ ယနေ့ မတ်လ(၂၇) ရက်နေ့ အထိ ရေတွက်ကြည့်လျှင် (၂၄) နာရီ ကျော်လွန်ချုပ်နှောင်ခွင့်မှာ ကျော်လွန်သွားပြီ ဖြစ်သောကြောင့် သက်ဆိုင်ရာ မိဘဆွေမျိုးနှင့် အဖွဲ့ အစည်းများမှာ စိုးရိမ်ပူပန်လျက် ရှိပါသည်။ ထိုသို့ ဖမ်းဆီးထိန်းသိမ်းစောင့်ရှောက် မှုအားလည်း ဆွေမျိုးသားချင်းများကို အကြောင်းကြားခြင်းမရှိကြောင်း သိရှိရသည်။
၃။ သို့ ဖြစ်ပါ၍ ကိုရဲမင်းဦးနှင့် ပက်သက်သော ကိစ္စအ၀၀အား သက်ဆိုင်ရာ တာဝန်ရှိသူများမှ အထက်ပါ တောင်းဆို ချက်များကို အမြန်ဆုံး ပွင့်လင်းမြင်သာမှု ရှိစေရန် ပြည်လည်ဖြေရှင်းပေးပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။




ရက်စွဲ။ ၂၀၁၃ ခုနှစ် မတ်လ (၂၇) ရက်။
၁။ အမျိုး၊ ဘာသာ ၊ သာသနာရေး နှင့် နိုင်ငံတော် ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားဆောင်ရွက်နေသူ ကိုရဲမင်းဦးပျောက်ဆုံးမှု နှင့် ပက်သက်၍ ယခုအချိန်ထိ မည်သည့်နေရာ၊ မည်သည့် ဌာန ၊ မည်သည့် ရည်ရွယ်ချက်မည်သူ၏ စေခိုင်းမှုဖြင့်ထိန်းသိမ်းစောင့်ရှောက်ထားသည်ကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပွင့်လင်းမြင်သာမှု ရှိသော ထုတ်ပြန်ချက်မျိုး မရှိသေးခြင်း၊ ထို့ အပြင် မည်သည့်ရက်တွင် ထိန်းသိမ်းမှု မှ
့ပြန်လည် စေလွှတ်ပေးမည်ကို တိကျစွာ မသိရခြင်းကို ပြည်သူများ သိသာစေရန် ပွင့်လင်းမြင်သာမှု ရှိသော ကြေညာချက်မျိုး ထုတ်ပြန်စေလိုပါသည်ဟု ၄င်းသတင်းစာ ရှင်းလင်းပွဲ၌ တောင်းဆိုခဲ့ကြပါသည် ဟု ဖော်ပြထားပါသည်။
၂။ကိုရဲမင်းဦးကိုဖမ်းဆီးထိန်းသိမ်းသွားသည့်မတ်လ(၂၅)ရက်ညမှယနေ့ မတ်လ(၂၇)ရက်နေ့ အထိ ရေတွက်ကြည့်လျှင် (၂၄) နာရီ ကျော်လွန်ချုပ်နှောင်ခွင့် မှာ ကျော်လွန်သွားပြီ ဖြစ်သောကြောင့် သက်ဆိုင်ရာ မိဘဆွေမျိုးနှင့် အ ဖွဲ့ အစည်းများမှာစိုးရိမ်ပူပန်လျက်ရှိပါသည်။ထိုသို့ ဖမ်းဆီးထိန်းသိမ်းစောင့်ရှောက်မှုအားလည်း ဆွေမျိုးသားချင်းများကို အကြောင်းကြားခြင်းမရှိကြောင်း သိရှိရသည်။
၃။ သို့ ဖြစ်ပါ၍ ကိုရဲမင်းဦးနှင့် ပက်သက်သော ကိစ္စအ၀၀အား သက်ဆိုင်ရာ တာဝန်ရှိသူများမှ အထက် ပါ တောင်းဆို ချက်များကို အမြန်ဆုံး ပွင့်လင်းမြင်သာမှု ရှိစေရန် ပြည်လည်ဖြေရှင်းပေးပါရန် အသိပေး အကြောင်းကြားအပ်ပါသည်။
ရခိုင်အမျိုးသားလူငယ်အဖွဲ့

0 comments:

Post a Comment