Friday, March 29, 2013

သစ်ခိုးထုတ်နေသောသစ်ကားများထံမှ KIA ငွေတောင်းခံ


သစ်ခိုးထုတ်နေသောသစ်ကားများထံမှ KIA ငွေတောင်းခံ

မတ်လ ၂၉ ရက်၊ ၂၀၁၃ 
 
ယမန်နေ့ နေ့လည် ၁နာရီခန့်တွင် မဘိမ်းမြို့နယ်နှင့် ရွှေကူမြို့နယ် အစပ်ရှိ ရွှေတောင်ဝန်းကျင် တစ်ဝိုက် တရားမ၀င် သစ်ခိုးထုတ်နေသော သစ်ကားများထံမှ KIA အဖွဲ့တစ်ဖွဲ့က ငွေသိန်း(၅၀) တောင်းခံခဲ့ကြောင်း  သစ်ခိုးထုတ်မှုများအား ကာကွယ်ပေးမည်ဖြစ်ကြောင်း ၎င်းအဖွဲ့တွင်ပါဝင်သော ခေါင်းဆောင်မှ သစ်ကား မောင်းသူ အားပြောခဲ့ကြောင်း သိရှိရ ပါသည်။ 

KIA အဖွဲ့သည် ရွှေတောင်မှ မန်စီမြို့နယ် မိုင်းနောင်ရွာ- နန့်လင်းပါလမ်းကြောင်း တွင်သွားလာနေသော သစ် မှောင်ခိုကား သစ်ကားများကို ငွေကောက်ခံ မှုများပြုလုပ်နေပြီး တာဝန်ရှိသူများ ဖမ်းဆီးမှုမခံရအောင် ဆောင်ရွက်ပေး နေခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရသိရသည်။

ရွှေတောင်တစ်ဝိုက်တွင် တရားမ၀င်သစ်ခိုးထုတ်နေသူများသည် KIA အဖွဲ့အား ပွင့်လင်းရာသီအတွက် သစ်ခုတ်ရန် အခွန်ငွေသိန်းတစ်ရာကို အရစ်ကျပေးရပြီး ငါးကြိမ်ခွဲပေးရကြောင်း၊ အခွန်ငွေမပေးဘဲ ခိုးထုတ်နေသူများအား ဖမ်းမိပါက သတ်မှတ်နှုန်းထားထက် (၃)ဆ ပေးရပြီး အဆင်မပြေသော်လည်း ပေးရကြောင်း၊ KIA အနေဖြင့် ငွေကိုလွယ် လွယ်ရနေသော လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်ချင်၍ ငြိမ်းချမ်းရေးဆွေးနွေးမှုကို အချိန်ဆွဲနေခြင်းသာ ဖြစ်သည်ဟု သစ်လုပ်ငန်းပိုင်ရှင်တစ်ဦးက ပြောပြသွားသည်။


မတ်လ ၂၉ ရက်၊ ၂၀၁၃

ယမန်နေ့ နေ့လည် ၁နာရီခန့်တွင် မဘိမ်းမြို့နယ်နှင့် ရွှေကူမြို့နယ် အစပ်ရှိ ရွှေတောင်ဝန်းကျင် တစ်ဝိုက် တရားမ၀င် သစ်ခိုးထုတ်နေသော သစ်ကားများထံမှ KIA အဖွဲ့တစ်ဖွဲ့က ငွေသိန်း(၅၀) တောင်းခံခဲ့ကြောင်း သစ်ခိုးထုတ်မှုများအား ကာကွယ်ပေးမည်ဖြစ်ကြောင်း ၎င်းအဖွဲ့တွင်ပါဝင်သော ခေါင်းဆောင်မှ သစ် ကားေ မာင်းသူ အားပြောခဲ့ကြောင်း သိရှိရ ပါသည်။

KIA အဖွဲ့သည် ရွှေတောင်မှ မန်စီမြို့နယ် မိုင်းနောင်ရွာ- နန့်လင်းပါလမ်းကြောင်း တွင်သွားလာနေသော သစ် မှောင်ခိုကား သစ်ကားများကို ငွေကောက်ခံ မှုများပြုလုပ်နေပြီး တာဝန်ရှိသူများ ဖမ်းဆီးမှုမခံ ရ အောင် ဆောင်ရွက်ပေး နေခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရသိရသည်။

ရွှေတောင်တစ်ဝိုက်တွင် တရားမ၀င်သစ်ခိုးထုတ်နေသူများသည် KIA အဖွဲ့အား ပွင့်လင်းရာသီအတွက် သစ်ခုတ်ရန် အခွန်ငွေသိန်းတစ်ရာကို အရစ်ကျပေးရပြီး ငါးကြိမ်ခွဲပေးရကြောင်း၊ အခွန်ငွေမပေးဘဲ ခိုးထုတ်နေသူများအား ဖမ်းမိပါက သတ်မှတ်နှုန်းထားထက် (၃)ဆ ပေးရပြီး အဆင်မပြေသော် လည်း ပေး ရကြောင်း၊ KIA အနေဖြင့် ငွေကိုလွယ် လွယ်ရနေသော လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်ချင်၍ ငြိမ်း ချမ်းရေးဆွေးနွေးမှုကို အချိန်ဆွဲနေခြင်းသာ ဖြစ်သည်ဟု သစ်လုပ်ငန်းပိုင်ရှင် တစ်ဦးက ပြောပြ သွားသည်။

0 comments:

Post a Comment