Defender Aung Mra Kyaw
ရခိုင်ပြည်နယ်လွှတ်တော် ပထမအကြိမ် ဆဌမပုံမှန်အစည်းအဝေး ဆဌမနေ့တွင် စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော် က ၂၀၁၃ ခုနှစ် ရခိုင်ပြည်နယ်ဒေသန္တရစီမံကိန်း တွင် ပါဝင်သော နေပူတောင်မှ ကျောက်များကို တစ်နှစ်လျင် မက်ထရိတ်တန် ၇၈၅၀ ကို ယခုနှစ် ၂၀၁၃ခုနှစ်မှစတင်ပြီး ထုတ်လုပ်မည့် စီမံကိန်းနှင့်ပတ်သတ်၍ ကန့်ကွက်ပြီး စီမံကိန်းအား ရပ်နားရန် အဆိုတင်သွင်း တောင်းဆိုခဲ့ပါသည်။
ကန့်ကွက်တောင်းဆိုရခြင်းမှာ ထိုနေပူတောင်ကျောက်သည် မြန်မာနိုင်ငံတွင် ရှိသော ကျောက်များထဲတွင် တစ်ခုတည်းသော ထူးခြားသည့်ကျာက်တမျိုးဖြစ်သောေ ကြာင့်
မည်သို့အသုံးဝင်သည် မည်မျှတန်ဖိုးရှိသည် ဆိုခြင်းအား သုတေသနလုပ်ပြီးမှ
ထုတ်လုပ်ရောင်းချလျင် နောက်မကျသေးပါကြောင်း၊ ထို့ပြင် ဗီယက်နမ်
နိုင်ငံနှင့် ချုပ်ဆိုထားသော စာချုပ်အကြောင်းအရာများအား
ဒေသခံရခိုင်ပြည်သူလူထုနှင့် မြန်မာနိုင်ငံသား များအား ပွင့်လင်းမြင်သာသော
သတင်းထုတ်ပြန်မူများကို ပြုလုပ်ပြီးမှ ထိုကျောက်များအား ထုတ်ယူစေလိုကြောင်း
ထိုသို့မပြုလုပ်လျင် လက်ပန်းတောင်စီမံကိန်းကဲ့သို့ ဖြစ်သွားနိုင်
ပါကြောင်း ပြည်သူအား မည်သည့် သတင်းထုတ်ပြန်မူမှ မလုပ်ခဲ့သောကြောင့်
လက်ပန်းတောင်းတောင် ပြသနာသည် ယနေ့အချိန်အထိ ဖြေရှင်းနေရပါကြောင်း၊
ထိုသို့အဖိုးမဖြတ်နိုင်သော ကျောက်တောင်ဟု သိထားသည့်
ဒေသခံရခိုင်ပြည်သူလူထုမှလဲ ဒေသအတွက် အကျိုးခံစားခွင့် တစ်စုံတရာမရှိဘဲ
ထိုနေပူတောင်တစ်ခုလုံးအား ကွယ်ပျောက်သွားအောင်အထိ ထုတ်လုပ်မည်ဆိုလျင်
လုံးဝလက်ခံကြမည်မဟုတ်ပါကြောင်း ပွင်းလင်းမြင်သာသော
သတင်းထုတ်ပြန်မူများမပြုလုပ်ဘဲ လုံးဝထုတ်လုပ်ခြင်းမပြုရန်အတွက်
ယခုစီမံကိန်းအား ခတ္တရပ်ထားလျင်လဲ နောက်မကျသေးပါကြောင်း လက်ပန်းတောင်းတောင်
ပြသနာကဲ့သို့ ရခိုင်တွင်လဲ ဖြစ်လာခဲ့လျင် ပြည်သူလူထုနှင့်ရခိုင်ပြည်နယ်အစိုးရသာ
ပဋိပက္ခဖြစ်ပွါးကြမည်ဖြစ်ပြီး ကြားမှ အမြတ်ကြီးစားလုပ်ရန်လာသော
ဗီယက်နမ်များမှာ ငွေထုတ်ပိုက်ပြီး ပြန်သွားကြမည်ဖြစ်ပါသောကြောင့်
ယခုစီမံကိန်းအား ခေတ္တရပ်နားပြီး သဘာဝပတ်ဝန်းကျင်၊သယံဇာတနှင့် နေပူတောင်
ပျောက်ကွယ်သွားနိုင်သည့် လုပ်ရပ်အား ပြုလုပ်မည်ဆိုလျင်လည်း ပြည်သူလူထုအား
ပွင့်လင်းမြင်သာအောင် သတင်း ထုတ်ဖေါ်ပြီးမှ ပြုလုပ်ရန်တိုက်တွန်းပါကြောင်း
ကန့်ကွက်တောင်းဆိုခဲ့ပါသည်။
ရခိုင်ပြည်နယ်လွှတ်တော် ပထမအကြိမ် ဆဌမပုံမှန်အစည်းအဝေး ဆဌမနေ့တွင် စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော် က ၂၀၁၃ ခုနှစ် ရခိုင်ပြည်နယ်ဒေသန္တရစီမံကိန်း တွင် ပါဝင်သော နေပူတောင်မှ ကျောက်များကို တစ်နှစ်လျင် မက်ထရိတ်တန် ၇၈၅၀ ကို ယခုနှစ် ၂၀၁၃ခုနှစ်မှစတင်ပြီး ထုတ်လုပ်မည့် စီမံကိန်းနှင့်ပတ်သတ်၍ ကန့်ကွက်ပြီး စီမံကိန်းအား ရပ်နားရန် အဆိုတင်သွင်း တောင်းဆိုခဲ့ပါသည်။
ကန့်ကွက်တောင်းဆိုရခြင်းမှာ ထိုနေပူတောင်ကျောက်သည် မြန်မာနိုင်ငံတွင် ရှိသော ကျောက်များထဲတွင် တစ်ခုတည်းသော ထူးခြားသည့်ကျာက်တမျိုးဖြစ်သောေ

0 comments:
Post a Comment