Friday, March 29, 2013

မိတ္ထီလာ ပဋိပက္ခဖြစ်စဉ် အပါအပင် မြို့နယ် ၁၅ မြို့နယ်၌ လူစုလူဝေးဖြင့် အကြမ်းဖက်မှု ၁၆၃ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၃ ဦးနှင့် ဒဏ်ရာရသူ ၈၆ ဦးရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်


Created on Friday, 29 March 2013 21:40

မိတ္ထီလာပဋိပက္ခဖြစ်စဉ် အပါအပင် မြို့နယ် ၁၅ မြို့နယ်၌ လူစုလူဝေးဖြင့် အကြမ်းဖက်မှု ၁၆၃ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၃ ဦးနှင့် ဒဏ်ရာရသူ ၈၆ ဦးရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်၏ Facebook စာမျက်နှာတွင် ပြည်ထဲရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်ချက် အမှတ် ၁/၂၀၁၃ ကို မတ်လ ၂၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားသည်။မတ်လ ၂၀ ရက်မှ မတ်လ၂၉ရက်နေ့အထိမြို့နယ်၁၅မြို့နယ်တွင်လူစုလူဝေးဖြင့်အကြမ်းဖက်မှု၁၆၃ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၃ ဦး၊ ဒဏ်ရာရသူ ၈၆ ဦးရှိကြောင်း ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။ယင်းသို့ လူစုလူဝေးဖြင့် အကြမ်းဖက်မှုများ၊ မီးရှို့မှုများ၊ ဖျက်စီးမှုများကြောင့် အဆောက်အဦ ၁၃၅၅ လုံး၊ ယာဉ်မျိုးစုံ ၃၉ စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း နှင့် လူဦးရေ ၁၁၃၇၆ ဦး အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး ကယ်ဆယ်ရေးစခန်း ၆ ခုတွင် လူဦးရေ ၉၀၆၅ ဦးကို စောင့်ရှောက်ထားကြောင်း သိရသည်။ထို့ပြင် ပြစ်မှု ကျူးလွန်သူ ၆၈ ဦးကို ဖမ်းဆီးရမိပြီး ဥပဒေနှင့်အညီအရေးယူရန် ဆောင်ရွက်လျက် ရှိကြောင်းနှင့်သတင်းထုတ်ပြန်ချက်တွင်အများဆုံး ဖြစ်ပွားခဲ့သည့် ပြစ်မှု၁၇မျိုးနဲ့ကို ဖော်ပြထားပြီး သတင်းထုတ်ပြန်ချက်အပြည့်အစုံကိုမတ်လ၃၀ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။''အုပ်ချုပ်ရေး တာဝန်ရှိသူများက လူစုခွဲခိုင်းလို့ လူစုမခွဲဘူးဆိုရင် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ၁၂၈အရ မြို့ပြအင်အားကိုအသုံးပြုပြီးလူစုခွဲနိုင်ကြောင်း၊ထိုသို့လူစုခွဲရာတွင်လက်နက်ကိုင်မဟုတ်သူ များကိုလည်း အကူအညီ တောင်းခံနိုင်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထုက ပါဝင်ကူညီရန် လိုကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်” ဟု ဦးရဲထွဋ်၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

0 comments:

Post a Comment