Friday, March 29, 2013

-မိတ္ထိလာမြို့ ဒုက္ခသည်များအား အလှုကိုလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ပါရှိမှသာ လက်ခံပါမည်

(၂၉၊ ၃၊ ၂ဝ၁၃) မိတ္ထီလာ သတင်းများ

by CJMyanmar, 29.3.2013

- မိတ္ထီလာမြို့တွင်း ရာသီဥတုအခြေအနေမှာ ယခင်နေ့များထက်စာလျှင် နေ့ခင်းပိုင်း၌ နေထိုင်ရခက်လောက်အောင် ပိုမိုပူပြင်းသည်။
- မိတ္ထီလာမြို့တွင်း ကယ်ဆယ်ရေးစခန်းကြီးအချို့၌ " ထောက်ပံ့ရေးပစ္စည်းများ လာရောက်လှူဒါန်းရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ပါရှိမှသာ လက်ခံပါမည် " ဟု စာတန်းများ ချိတ်ဆွဲထားသည်။
- မိတ္ထီလာမြို့တွင်း ကယ်ဆယ်ရေးစခန်းကြီးအချို့သို့ လာရောက်လှူဒါန်းသည့်အခါ အလှူပစ္စည်းတင်ကားများအား ကယ်ဆယ်ရေးစခန်းဝင်းအတွင်းသို့ ဝင်ခွင့်မပြုတော့ဘဲ ဝင်းပေါက်တွင်သာ ပစ္စည်းများ ချထားစေပြီး ဝင်းအတွင်းသို့ လူအင်အားဖြင့် သယ်ယူစေသည့် စနစ်ကို ကျင့်သုံးလျက်ရှိသည်။
- ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟ (ပြင်ဦးလွင် မဲဆန္ဒနယ်)ဦးဆောင်၍ ပြင်ဦးလွင်မြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှလည်း မိတ္ထီလာ ပဋိပက္ခဘေးသင့် ဒုက္ခသည်များအား လာရောက်ကူညီလှူဒါန်းသည်။
- ကယ်ဆယ်ရေးစခန်းများမှ ဒုက္ခသည်များ၌ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် နေမကောင်းထိုင်မသာဖြစ်ခြင်းမျိုးသာ တွေ့ရပြီး ကူးစက်ရောဂါများ အစုလိုက် ဖြစ်ပွားခြင်းမရှိကြောင်းလည်း မိတ္ထီလာမှ Citizen Journalist တစ်ဦးက သတင်းပေးပို့ထားပါသည်။

Re-Post By ACM 29-3-2013
အေးချမ်းမွန် Credit & Copy From >>CJMyanmar<< Thank

   မိတ္ထီလာမြို့တွင်း ရာသီဥတုအခြေအနေမှာ ယခင်နေ့များထက်စာ လျှင် နေ့ခင်းပိုင်း ၌ နေထိုင် ရခက်လောက်အောင် ပိုမိုပူပြင်းသည်။မိတ္ထီလာမြို့တွင်း ကယ်ဆယ်ရေးစခန်းကြီးအချို့၌ " ထောက်ပံ့ရေး ပစ္စည်းများ လာရောက်လှူဒါန်းရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ပါရှိမှသာ လက်ခံပါမည် " ဟု စာတန်းများ ချိတ်ဆွဲထားသည်။မိတ္ထီလာမြို့တွင်း ကယ်ဆယ်ရေးစခန်းကြီးအချို့သို့ လာရောက်လှူဒါန်းသည့်အခါ အလှူပစ္စည်းတင်ကားများအား ကယ်ဆယ်ရေးစခန်းဝင်းအတွင်းသို့ ဝင်ခွင့်မပြုတော့ဘဲ ဝင်းပေါက်တွင်သာ ပစ္စည်းများ ချထားစေပြီး ဝင်းအတွင်းသို့ လူအင်အားဖြင့် သယ်ယူစေသည့် စနစ်ကို ကျင့်သုံးလျက်ရှိသည်။
- ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟ (ပြင်ဦးလွင် မဲဆန္ဒနယ်)ဦးဆောင်၍ ပြင်ဦးလွင်မြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှလည်း မိတ္ထီလာ ပဋိပက္ခဘေးသင့် ဒုက္ခသည်များအား လာရောက် ကူညီလှူဒါန်းသည်။ကယ်ဆယ်ရေးစခန်းများမှ ဒုက္ခသည်များ၌ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် နေမကောင်း ထိုင် မသာဖြစ်ခြင်းမျိုးသာ တွေ့ရပြီး ကူးစက်ရောဂါများ အစုလိုက် ဖြစ်ပွားခြင်းမရှိကြောင်းလည်း မိတ္ထီလာမှ Citizen Journalist တစ်ဦးက သတင်းပေးပို့ထားပါသည်။

0 comments:

Post a Comment