
(ခွေးကိုက်ခံရသဖြင့် သေဆုံးသွားသည့် ဂျိတ်အန်ဒါဆန်အား သူမ၏မိခင်နှင့်အတူ တွေ့ရစဉ်)
ဂရိတ်တား မန်ချက်စတာ အရပ်တွင် နေထိုင်သည့် အသက်(၁၄)နှစ်အရွယ် ဂျိတ်အန်ဒါဆန်အား ရိုင်းစိုင်း ဒေါသထွက်နေသော အိမ်မွေးခွေးများက ဝိုင်းဝန်းတိုက်ခိုက်သဖြင့်
ဂရိတ်တား မန်ချက်စတာ အရပ်တွင် နေထိုင်သည့် အသက်(၁၄)နှစ်အရွယ် ဂျိတ်အန်ဒါဆန်အား ရိုင်းစိုင်း ဒေါသထွက်နေသော အိမ်မွေးခွေးများက ဝိုင်းဝန်းတိုက်ခိုက်သဖြင့်
နေအိမ်တွင် ခွေးမွေးခြင်းနှင့် ပတ်သက်၍ စံနှုန်းများကို ယခင်ကလည်း ဗြိတိန်တွင် အလေးအနက် ဆွေးနွေးဖူးပြီး ယခုအခါ ယင်းကိစ္စ တစ်ကျော့ပြန် အားကောင်းလာဖွယ် ရှိနေသည်။ ဝီဂန်အနီးရှိ အေသာတန်တွင် အိမ်တစ်အိမ်၌ မွေးထား သည့် ခွေး(၅)ကောင်က ဂျိတ်အား ကိုက်ခဲ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကိစ္စအတွက် ခွေးများကို သုတ်သင်ခဲ့သော်လည်း တာဝန်မဲ့သော ခွေးပိုင်ရှင်ကို ရာဇဝတ်ကြောင်းအရ တရားစွဲနိုင်ရန် အလားအလာ နည်းပါးနေသည်။ ရဲတပ်ဖွဲ့ကမူ အဆိုပါ ဖြစ်စဉ်တွင် ရာဇဝတ်မှုနှင့် ဆက်နွယ်လောက်သော အကြောင်းခြင်းရာ ရှိမရှိ မိမိတို့ စုံစမ်းမည်ဟု ပြောကြားထားသည်။
သဘာဝ ပတ်ဝန်းကျင် ကော်မတီ၏ ဥက္ကဖြစ်သူ အန်နီ မက္ကင်တော့ရှ်က "အစိုးရဟာ ဒီကိစ္စအတွက် ဥပဒေ မူကြမ်းကို အရေးတကြီး သတ်မှတ်သင့်ပါပြီ။ (၅)ပတ်၊ (၆)ပတ်လောက် ကြာလာပေမယ့် ဘာမှ ထူးခြားမလာဘူး။ ဒီဖြစ်စဉ်မှာ တာဝန်မဲ့တဲ့ အခြေအနေတွေအတွက် တိကျတဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်ချက် လိုအပ်နေပါတယ်"ဟု ဝေဖန်ခဲ့သည်။ ဂျိတ်ကို ခွေးတစ်ကောင်က ကိုက်ခဲနေဆဲ အနေအထားတွင် ဒဏ်ရာဗရပွဖြင့် တွေ့ရှိခဲ့သည့်နောက် သူနာပြု တပ်ဖွဲ့များ ရောက်ရှိလာချိန်တွင်မူ အသက်မရှိတော့ချေ။
ယခုကိစ္စတွင် ပါဝင်တိုက်ခိုက်သော ခွေးမျိုးစိတ်များကို အတည်မပြုရသေးသော်လည်း (၂)ကောင်က Bull Mastiffများ၊ ကျန်(၂)ကောင်က Staffordshire Bull Terrierများ ဖြစ်ကြောင်း သတင်းအချို့ ထွက်ပေါ်နေသည်။ ခွေး(၄)ကောင်ကို ရဲများက ချက်ချင်း ပစ်သတ်ခဲ့ပြီး ပဉ္စမမြောက် ခွေးကိုမူ အရှင်ဖမ်းမိခဲ့ပြီး ရဲများက ထိန်းသိမ်းထားကြောင်း သိရှိရသည်။

0 comments:
Post a Comment